ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန “ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား(၂၀၁၉)” ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်

     ပြည်ထောင်စုနယ်မြေ၊နေပြည်တော် “၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား”အား (၁-၁၂-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ အခြားနှီးနွယ်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဗဟို၊ တိုင်းနှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

 

     ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းက ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်မိန့်ခွန်းအားပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ မှတ်တမ်းတင်ဓါတ်ပုံများနှင့် ပြခန်းငယ်တို့အား လှည့်လည်ကြည့်ရှုပြီး အခမ်းအနားကို နံနက်(၁၀:၀၀)နာရီတွင် ရုတ်သိမ်းလိုက်သည်။

More Tags