ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် (၂၀၁၉)ခုနှစ် ကမ္ဘာ့နို့တိုက်ကျွေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၈) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၉-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု တိုင်းအဆင့် အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ (၁) တွင် (၂၈-၈-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အာဟာရအရေးကြီးပုံ Invest in Nutrition မှ ကလေးများ ဉာဏ်ရည်မြင့်မားလာမည် ဖြစ်ကြောင်း Invest in Education ဖြင့် နိုင်ငံအတွက် ပညာရှင်များစွာပေါ်ထွက်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၁၉-ခုနှစ် မှစ၍ Nutrition Week မှ Nutrition Month အဖြစ် သြဂုတ်လကို ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူ့များအနေဖြင့် နှစ်စဉ် သြဂုတ်လကို အာဟာရလအဖြစ်သိရှိပြီး အချိန်တိုင်းအနေဖြင့် ပြည်သူ့လူထုမှ အာဟာရမျှတပြည့်စုံစွာ စားသုံးမှသာ ရောဂါဘယကင်းဝေးပြီး သက်တမ်းစေ့ နေနိုင်မှာဖြစ်သည့်အတွက် ပြည်သူ့များ ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာြမတ်ဝဏ္ဏစိုးမှ စံပြမိခင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ နေပြည်တော်ကလေးအထူးကုဆေးရုံအုပ်ကြီးနှင့် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌတို့မှလည်း ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရအစားအသောက်နှင့် အဏုအာဟာရဆေးဝါးများပေးဝေခြင်းနှင့် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌတို့မှလည်း သီရိရတနာမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်တို့အား Vit A ဆေးတိုက်ကျွေးခဲ့ပါသည်။

 

     ယနေ့ကျင်းပပြုလုပ်သည့် ၂၀၁၉-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်အထူးကု ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ မြန်မာနိုင်ငံဆရာဝန်များအသင်းခွဲ(နေပြည်တော်)မှ ဆရာဝန်ကြီးများ၊ မြို့နယ်(၈)မြို့နယ်မှ ဆေးရုံအုပ်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် (၈) မြို့နယ်မှ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်များမှ မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဆုရစံပြမိခင်များနှင့် သီရိရတနာမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး နံနက်(၁၁း၀၀)နာရီတွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

More Tags