ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးဌာနမှ မြောက်မြိုက်ကျေးလက်ကျန်းမာရေးဌာန အဆောက်အဉီသစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်

     ပြည်ထောင်စုနယ်မြေနေပြည်တော် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ တပ်ကုန်းမြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ မြောက်မြိုက်ကျေးလက်ကျန်းမာရေးဌာန၌ PH-Japanမှ လှူဒါန်းသည့် ကျေးလက် ကျန်းမာရေးဌာန အဆောက်အဉီသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်းမှ အဖွင့်အမှာစကားပြောကြား၍I People Hope Japan(PHJ)မှ Country Director Mr. Yuichi Shingai က တပ်ကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းသို့ အဆောက်အဉီအသစ်နှင့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ် ခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများမှ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးလက်ကျန်းမာရေးဌာနအတွင်း လှည့်လည်ကြည့်ရှု့ခဲ့ ပါသည်။

 

     ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်း ၊နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့၊ People Hope Japan(PHJ)မှ Country Director Mr. Yuichi Shingai နှင့်အဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ထွန်း၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

More Tags