ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉)” တိုင်းအဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်

     “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)” တိုင်းအဆင့်အသိပေးဆွေးနွေးပွဲအား (၅-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၁:၀၀) နာရီအထိ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊မြို့နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူးများ၊အခြားနှီးနွယ်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

 

     ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း(၂၀၁၉)”တိုင်းအဆင့်အသိပေးဆွေးနွေးပွဲ အခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယနေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးစုကြည်မှ “နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)”နှင့်ပတ်သက်သည်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အကြံပြု ရှင်းလင်းခြင်းနှင့် တက်ရောက်လာသော အဖွဲ့အစည်းများမှ တစ်ဦးချင်းဆွေးနွေးခြင်းများ ပြုလုပ်ပြီး အခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ရုတ်သိမ်းလိုက်သည်။

 

More Tags