ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် COVID-19 ကြိုတင်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီညှိနှိုင်း(၁၀/၂၀၂၀) အစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၆) ရက်

     “COVID-19 ကြိုတင်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၀)”ကို မတ်လ (၁၆) ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် နေပြည်တော် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခဲ့သည်။ နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယနေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးစုကြည်မှ ပြည်ထောင်စုနယ်မြေ(၈)မြို့နယ် အတွင်း COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။

 

     မြို့နယ် (၈) မြို့နယ်ရှိဗဟိုအဆင့်နှင့်ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား သက်ဆိုင်ရာဆေးရုံများမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်နှင့် မြို့နယ်ကျန်းမားရေးဦးစီးဌာနမှူးများမှ တင်ပြခဲ့ကြပြီး တက်ရောက်လာသော ကော်မတီဝင်များမှ အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဝင်(၃၃)ဦး တက်ရောက်ခဲ့ကြပြီး ညနေ( ၄:၀၀ )တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

More Tags