ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျန်းမာရေးဦးစီးဌာနတွင် ၂၀၁၉ ခုနှစ် “ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့” အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် “ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့” အခမ်းအနားအား အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ မျက်စိအထူးကုဆရာဝန်ကြီးများ၊ မျက်မမြင်နှင့် မျက်ခမ်းစပ် ကာကွယ်ရေးစီမံကိန်းမှတာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။


     အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပေးပို့သော မိန့်ခွန်းလွှာကို ဖတ်ကြားသည်။ ထို့နောက် နေပြည်တော် ကောင်စီဝင်နှင့်အတူ တက်ရောက်လာသော ဧည့်သည်တော်ကြီးများသည် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုပါသည်။ ဆက်လက်၍ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိ စမ်းသပ်ပေးခြင်းနှင့် လိုအပ်သူများကိုမျက်မှန်များ အခမဲ့တပ်ဆင်ပေးခြင်းကို ပြုလုပ်ပေးခဲ့ပြီး လာရောက်စစ်ဆေး ပြသသူပေါင်း (၁၅၀) ကျော်ရှိပါသည်။

More Tags