ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် COVID-19 ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) ကျင်းပ

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၄ ရက်

      “COVID-19 ကြိုတင်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀)”ကို မတ်လ (၂၃) ရက် နေ့လယ် (၂:၀၀) နာရီတွင် နေပြည်တော် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။ နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နေပြည်တော်ခုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာတင့်တင့်ကြည် က COVID-19 Update ကို ပြောကြားခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးစုကြည် က ပြည်ထောင်စုနယ်မြေ(၈)မြို့နယ်အတွင်း COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။

 

     မြို့နယ် (၈) မြို့နယ်ရှိဗဟိုအဆင့်နှင့်ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား သက်ဆိုင်ရာဆေးရုံများမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်နှင့် မြို့နယ်ကျန်းမားရေးဦးစီးဌာနမှူးများမှ တင်ပြခဲ့ကြပြီး တက်ရောက်လာသော ကော်မတီဝင်များမှ အသီးသီး ဆွေးနွေးပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဝင် (၃၆) ဦး တက်ရောက်ခဲ့ကြပြီး ညနေ (၄:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

More Tags