ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် “Training of VBDC field staff (S&R )” ကျင်းပ

ပြည်မြို့ ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၃.၁၁.၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် “Training of VBDC field staff (S&R )” ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ထားနှစ်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး (ရ.ပ.ကန) ဒေါက်တာဝင့်ဖြိုးသန်း တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး (ရ.ပ.ကန) ဒေါက်တာဝင့်ဖြိုးသန်း၊ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာဇေဖြိုးသန့်၊ လက်ထောက်ငှက်ဖျားမှူး ဦးဇော်မင်းထွန်း တို့မှ “Training of VBDC field staff (S&R)” သင်တန်း ကို ဆက်လက် ပို့ချသွားမည်ဖြစ်ပါသည်။ စုစုပေါင်း ငှက်ဖျား ဝန်ထမ်း (၃၅) ဦးတက်ရောက်ပြီး (၅) ရက်တာ သင်တန်းပေးသွားမည် ဖြစ်ပါသည်။

More Tags