ပုဇွန်တောင်မြို့နယ် ၊ အမှတ် (၇) ရပ်ကွက်ရှိ “ရွှေဘုန်းပွင့် စေတီတော်မြတ်” တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၁၉) ခုနှစ် ၊ နိုဝင်ဘာလ၊ (၁၀) ရက်

     ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ “ရွှေဘုန်းပွင့် စေတီတော်မြတ်”တွင် (၂၇) ကြိမ်မြောက် ၊ မသိုးသင်္ကန်း ရက်ခတ်ပြိုင်ပွဲ၊ မသိုးရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပြုလုပ်ကျင်းပခဲ့ရာ လာရောက်သော ဧည့်ပရိတ်သတ်များနှင့် ရက်ကန်းခတ်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသူများကို ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများကို ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပုဇွန်တောင်မြို့နယ် ကြက်ခြေနီအသင်းသားများ နှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ အတူပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

More Tags