ပြင်ဦးလွင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားခြင်း အန္တရာယ်အကြောင်း ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မန္တလေးမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ရတနာခန်းမတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားခြင်း အန္တရာယ်နှင့် ရာသီတုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောပွဲကို (၁၅-၇-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

 

     ဟောပြောပွဲတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှင့် ကာကွယ်နှိမ်နင်းရေးအကြောင်းကို တိုင်းဒေသကြီး ရပကန (ငှက်ဖျား) အဖွဲ့ခေါင်းဆောင် ဆရာဝန်ဒေါက်တာတင့်ဝေမှ လည်းကောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းစားခြင်း အန္တရာယ်အကြောင်းကို ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မိုးထွန်းမှလည်းကောင်း၊ ရာသီတုပ်ကွေး ရောဂါအကြောင်းကို ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာချစ်ထူးမှလည်းကောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

More Tags