ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၌ HIV / AIDS၊ ကာလသားရောဂါ နှင့်ပတ်သက်သော အသိပညာပေး

မန္တလေး၊ ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၀) ရက်

     မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ တိုင်းဒေသကြီး ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ (၂၀) ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ သွားရောက်၍ ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၀၀/၂၀၁၉) ရဲဗလတပ်ခွဲမှ သင်တန်းသား (၂၃၀) ဦး ၊ သင်တန်းသူ (၄၆)ဦး ၊ စုစုပေါင်း (၂၇၆) ဦး တို့အား HIV/AIDS ၊ ကာလသားရောဂါ နှင့်ပတ်သက်သော ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေး၍ သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags