ပဲခူးမြို့နယ်အတွင်းရှိ MR Campaign ဆောင်ရွက်နေသော ရပ်ကွက်/ကျေးရွာဆေးထိုးစုရပ်များသို့ ကွင်းဆင်းကြည့်ရှု

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ် ၊ နိုဝင်ဘာလ (၂၈) ရက်

     နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) ဆောင်ရွက်နေသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မဇင်းရပ်ကွက်ရှိ နဂါးလိမ်ဓမ္မာရုံ ၊ မြို့တွင်းကြီးရပ်ကွက်ရှိ ဘိုကုန်းအုပ်ချုပ်ရေးမှူးရုံးစုရပ်၊ ရုံးကြီးရပ်ကွက်ရှိ ဟံသာဝတီတိုင်းလျှပ်စစ်ဝင်းစုရပ်၊ ပုဏ္ဏားစုရပ်ကွက်ရှိ သီတဂူပတ္တမြားစာသင်တိုက်၊ နန်းတော်ရာရပ်ကွက်ရှိ အလင်းရောင်(၉)လမ်း ဓမ္မာရုံစုရပ်၊ အင်းဝင်(၁၃)လမ်းစုရပ်များသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီလှိုင်တို့မှ ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။ အဆိုပါစုရပ်များတွင် ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံမှုကိုကြည့်ရှုစစ်ဆေးခြင်း၊ စုရပ်များဖွဲ့စည်းထားရှိမှု၊ ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများထားရှိမှုအခြေအနေ၊ စွန့်ပစ်ပစ္စည်းများစီမံထားရှိမှု အခြေအနေ၊ ကာကွယ်ဆေးထိုးပြီးနောက် နောက်ဆက်တွဲအခြေအနေများကို တုန့်ပြန်ဆောင်ရွက်ထားရှိမှုအစီအစဉ်များ၊ ရပ်ကွက်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့များမှ ကူညီဆောင်ရွက်နေမှုများ၊ ကလေးမိခင်များနှင့်တွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို စီစဉ်ညွှန်ကြားခဲ့ပါသည်။

 

More Tags