ပဲခူးမြို့တွင် ၂၀၁၉ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် ပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်

     ပဲခူးမြို့နယ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် ပညာပေးဟောပြောပွဲကို ဒေသန္တရကျန်းမာရေးဌာနတွင် (၁၃-၈-၂၀၁၉) ရက်နေ့ နံနက်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ရီ၊ ပဲခူးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပန်းမာလာမြတ်ကိုနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အကြောင်း၊ မိခင်နို့တိုက်ကျွေးခြင်းနှင့် ကနဦးရက်ပေါင်း (၁၀၀၀) အကြောင်း၊ အာဟာရပြည့်ဝမျှတသော အစားအစာများ ဝယ်ယူခြင်းနှင့် အာဟာရဓါတ်မဆုံးရှုံးစေရန် ပြင်ဆင်ချက်ပြုတ်ခြင်းအကြောင်းတို့ကို ပညာပေး ဟောပြောခဲ့ပါသည်။

 

     အဆိုပါဟောပြောပွဲသို့ ပဲခူးမြို့နယ်မှ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအား အာဟာရဖြည့်ဆန်နှင့် အိုင်အိုဒင်းဆားများကို ဝေငှပေးခဲ့ပါသည်။

More Tags