ပဲခူးမြို့တွင် တိုင်းဒေသကြီးအဆင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း သင်တန်း ပြုလုပ်ကျင်းပ

ပဲခူးမြို့ ၊ ဇူလိုင်လ (၄) ရက်

     ပဲခူးတိုင်းဒေသကြီးအဆင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းတက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ WHO EPI Consultant၊ တိုင်းဒေသကြီးပိုလီယိုပပျောက်ရေး ကွင်းဆင်း အရာရှိနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးတိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်းဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါသင်တန်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်များရှိ မွေးစမှ အသက်(၅)နှစ်အထိ ကလေးအားလုံးကို ပိုလီယိုကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးခြင်း လုပ်ငန်းနှင့်ပတ်သက်ပြီး သင်ကြားပို့ချခဲ့ပါသည်။ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၂)ပတ်စီခြား၍ (၃)ကြိမ်ဆက်တိုက် တိုက်ကျွေးသွားမည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဇူလိုင်လ (၇)ရက်နေ့မှ (၉) ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိလည်းကောင်း ၊ တတိယအကြိမ်အဖြစ် ဩဂုတ်လ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ပါသည်။ အခမ်းအနားအား နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Tags