ပဲခူးမြို့တွင် Training for Contact Tracing အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် Training for Contact Tracing အခမ်းအနားကို (၁၂-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဆွေသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အခမ်းအနားကို အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ မြို့နယ်သူနာပြုဆရာမ များ၊ ကျန်းမာရေးမှူးများနှင့် TB Focal Person များ စုစုပေါင်း (၅၁) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်း တွင် တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဆွေသန်း WHO TB Unit မှ National Technical Officer ဒေါက်တာဝင်းကိုကိုသူ တို့မှ Training for Contact Tracing အခမ်းအနား ပြုလုပ်ရခြင်းအကြောင်းနှင့် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ပြုလုပ်ရာတွင် လိုအပ်သော သင်ကြားမှု ပုံစံများကို ရှင်းလင်းသင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို တီဘီလူနာများ၏ မိသားစုဝင်များတွင် ကူးစက် ခံရသောတီဘီလူနာများကို ရှာဖွေပြီးလိုအပ်သော ကုသမှုများ ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။

More Tags