ပဲခူးမြို့တွင် Multiplier Training for TB Case Based Management (Regional Level) အခမ်းအနား ကျင်းပပြုလုပ

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ် ၊ ဒီဇင်ဘာလ (၁၀) ရက်

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် Multiplier Training for TB Case Based Management (Regional Level) အခမ်းအနားကို (၁၀-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဉီးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားကို ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ၊ လ/ထညွှန်ကြားရေးမှူး (တီဘီ/အနာကြီး) ၊ ခရိုင်အဖွဲ့ ခေါင်းဆောင်ဆရာဝန်(တီဘီ/အနာကြီး)များနှင့် TB Focal Person များ စုစုပေါင်း(၃၂) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကို ဒေါက်တာအောင်ကောင်းခန့်( MO,NTP)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(တီဘီ)မှ ဦးအောင်ကိုမင်း (NTO, eR&R)နှင့် ဒေါ်အိသော်ဝင်း (HIS, Implementer) တို့က (၁၀-၁၂-၂၀၁၉) ရက်နေ့မှ(၁၁-၁၂-၂၀၁၉)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

 

     ယခုကျင်းပပြုလုပ်သောသင်တန်းသည် ယခင်ကတိုင်းဒေသကြီး/ပြည်နယ်အဆင့်မှ တာဝန်ယူလျှက်ဖြည့် သွင်းဆောင်ရွက်နေသောမြို့နယ်အဆင့် ၃-လပတ်အစီရင်ခံစာများကို Mobile Tablet များကိုအသုံးပြု့လျှက် စာရင်းဇယားများအချက်အလက်များကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း (electronic data tranmission) မြို့နယ်အဆင့်မှ တိုက်ရိုက် ဖြည့်သွင်းဆောင်ရွက်စေရန်အတွက် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပေးခြင်း ဖြစ်ပါသည်။

More Tags