ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများအတွက် အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ် (DHIS 2 software) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး                  အောက်တိုဘာ (၂၉)ရက်

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ (၂၈)ရုံအား အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ် သင်တန်းကို ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ UNOPS မှ DHIS2 Consultant ဒေါက်တာဥမ္မာကြည်၊ နေပြည်တော် ကျန်းမာရေးစီမံကိန်းနှင့် သတင်းအချက်အလက်မှ သင်တန်းဆရာများ၊ မြို့နယ်ဆေးရုံ (၂၈)ရုံမှ သင်တန်းသား စုစုပေါင်း(၇၄)ဦး တက်ရောက်ခဲ့ကြပါသည်။


 

     ယနေ့ကျင်းပသော သင်တန်းမှာ စီမံခန့်ခွဲမှုအထောက်အကူပြုကျန်းမာရေးသတင်းစနစ်ကို IT-information technology နည်းပညာအသုံးပြု၍ အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ်အသွင်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ် ၃၃၀ လုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ပြည်သူ့ကျန်းမာရေးသတင်းအချက်အလက်များကို DHIS2 software အသုံးပြုပြီး အစီရင်ခံနေပြီ ဖြစ်ပါသည်။ ယခုအခါ အောင်မြင်မှုလည်းရနေပြီဖြစ်ပါသည်။ ထို့ကြောင့် ဆေးရုံများမှ ကုသရေး သတင်းအချက်အလက်အတွက် အစီရင်စာများကို DHIS2 နှင့် အသုံးပြုအစီရင်ခံနိုင်ရန် စတင်အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်ပါသည်။

     ထိုမှတစ်ဆင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

More Tags