ပဲခူးတိုင်းဒေသကြီး လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

ပဲခူး၊ မတ်လ(၄)ရက်

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ၂၀၁၈ ခုနှစ်အတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့ (၄-၃-၂၀၁၉)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

 

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနခွဲများအလိုက် ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများအား သက်ဆိုင်ရာဌာနခွဲတာ၀န်ခံများမှ ရှင်းလင်းတင်ပြကြပါသည်။ ဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ်အတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကောင်းမွန်စွာဆောင်ရွက်နိုင်သည့် မြို့နယ်(၅)မြို့နယ်တို့ကို ရွေးချယ်၍ ဆုများချီးမြှင့်ခဲ့ပါသည်။

 

     ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာ၀န်များ၊ ဌာနခွဲများမှ တာ၀န်ခံအရာရှိများ၊ ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်တာ၀န်ခံအရာရှိများ၊ မြို့နယ်(၂၈)မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်လက်ထောက်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူးအဆင့်(၁)များ လက်ထောက် ကျန်းမာရေးမှူးများ စုစုပေါင်း(၈၀)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို မတ်လ(၄)ရက်နေ့မှ (၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 
 

More Tags