ပဲခူးတိုင်းဒေသကြီး ၊ ရွှေကျင်မြို့နယ်၌ ကျင်းပပြုလုပ်သည့် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ပဲခူးမြို့ ၊ ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ(၂၅)ရက်

     ၂၀၁၉-ခုနှစ် ၊ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ရွှေကျင်မြို့နယ်၌ ကျင်းပပြုလုပ်သည့်  ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားအား ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာကိုဦး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ရွှေကျင်အခြေစိုက် စစ်ဗျူဟာအဖွဲ့မှ ဗိုလ်မှူးမင်းမင်းထိုက်နှင့် ရွှေကျင်ဆေးရုံအုပ် ဒေါက်တာသန်းဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ပါသည်။  ထို့နောက် ဒေါက်တာကိုဦး သည် ကာကွယ်ဆေးအပိုဆောင်း တိုက်ကျွေး/ထိုးနှံရခြင်း၏ ရည်ရွယ်ချက်များ ၊ တိုက်ကျွေး/ထိုးနှံမည့်အစီအစဉ် နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။


     ထို့နောက် ဒေါက်တာကိုဦးနှင့်အဖွဲ့သည် ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံသည့် စုရပ်များသို့သွား ရောက်၍ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများ၊ မိဘပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

More Tags