ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးလက်ကျန်းမာရေးဌာနခွဲ မြေနေရာရွေးချယ်ထားမှုအား ကွင်းဆင်းစစ်ဆေး

မိုးညိုမြို့၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

     ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်နိုင်ရန် မြေနေရာ ရွေးချယ်ထားမှုကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ နေပြည်တော်အင်ဂျင်နီယာဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသန့်ခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်၊ မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင့်လွင်တို့ ပါဝင်သောအဖွဲ့သည် မိုးညိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်း တို့သည် မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ထွဋ်မြတ်ကျေးလက်ကျန်းမာရေးဌာန လက်အောက်ရှိ ရွှေခဲကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် ရွှေခဲကျေးရွာသို့ သွားရောက်၍ ရွှေခဲကျေးလက်ကျန်းမာရေးဌာနခွဲ လက်ရှိဆေးခန်း အဆောက်အဦနှင့် ဆေးခန်းနောက်ကျောဘက်ရှိ မြစ်ကမ်း၏မြစ်ရေစီးကြောင်းအခြေအနေအား ကြည့်ရှုခဲ့ကြပါသည်။ ယင်းနောက် ဆေးခန်းသစ်ဆောက်လုပ်ရန် လျာထားသော အလယ်တန်း ကျောင်းခွဲနှင့် ကပ်လျက်ရှိ မြေနေရာအားလည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး နှစ်ဖက်ဒေသခံများအား လာရောက်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

More Tags