ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Myanmar Health Sector Coordinating committee, Communicable Disease Executive working Group အဖွဲ့လာရောက်

ပဲခူးမြို့ ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၀)ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဒေါက်တာသန္တာလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရောဂါနှိမ်နင်းရေး) ဦးဆောင်သည့် အဖွဲ့ဝင်(၁၅)ဦး ပါဝင်သော Myanmar Health Sector Coordinating committee, Communicable Disease  Executive working Group အဖွဲ့သည် (၂၀-၁-၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိပါသည်။ ထို့နောက် ဒေါက်တာသန္တာလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရောဂါနှိမ်နင်းရေး)မှ MHSCC လာရောက်ရသည့် ရည်ရွယ်ချက်နှင့် အဖွဲ့အကြောင်း ရှင်းလင်းပြောကြားပါသည်။


     ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး၊ (ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေး၊ တီဘီရောဂါတိုက်ဖျက်ရေး၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး)ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတို့က သက်ဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသူ များမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ MHSCC အဖွဲ့ဝင်များသည် ယနေ့ နေ့လည်(၁၂:၃၀) နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြန်လည်ထွက်ခွာသွားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ ညောင်လေးပင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များရှိ ကျန်းမာရေးဌာနများသို့ ဆက်လက် သွားရောက်မည်ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးပွဲသို့  MHSCC အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags