ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်း (၁၀၀%) ပြီးစီးခြင်းမရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း(၁၀၀%) ပြီးစီးခြင်းမရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးခြင်းကို ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၉-ခုနှစ်နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါ်ညွှန့်ညွှန့်ဌေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက (၂၀၁၈-၂၀၁၉) ခုနှစ်တွင် လုပ်ငန်း ၁၀၀% ပြီးစီးခြင်းမရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ၎င်းနောက် လုပ်ငန်း ၁၀၀% ပြီးစီးခြင်းမရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများမှတာဝန်ခံများက လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပြီးစီးမည့်ကာလများကို ကုမ္ပဏီတစ်ခုချင်းအလိုက် ပြန်လည်ရှင်းလင်းတင်ပြကြပါသည်။ ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးအဖွဲ့ BRCB(T) အဖွဲ့မှ ဦးကျော်လွင်နှင့်တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။

More Tags