ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် “Joint Programme Review Mission for TB” မှ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံဆွေးနွေး

ပဲခူးမြို့ ၊ (၂၀၁၉) ခုနှစ် ၊ ဩဂုတ်လ (၁၆) ရက်

     ပဲခူတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ (၁၆) ရက် နံနက် (၉:၀၀) ၌ “Joint Programme Review Mission for TB” (WHO) မှ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းမှကျွမ်းကျင် ပညာရှင်များအဖွဲ့က လာရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ပဲခူးတိုင်းဒေသကြီး၏ နယ်မြေအချက်အလက်များ၊ ဝန်ထမ်းအင်အားအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ ဒေါက်တာဆွေဆွေသန်း၊ လက်ထောက်ညွှန်ကြားရေးမှူး(တီဘီ/အနာကြီး)က ရိုးရိုးတီဘီလူနာများနှင့် ဆေးယဉ်ပါးတီဘီလူနာများတွင် ရောဂါကုသပေးမှုအခြေအနေ၊ (TB/HIV ) ဒွန်တွဲလူနာများတွင် ART ရရှိမှုအခြေအနေ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ တိုင်းအတွင်းပါဝင်ဆောင်ရွက်မှု အခြေအနေများကိုတင်ပြခဲ့ရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

 

     နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးဌာန၌ တီဘီလူနာများအား ရောဂါရှာဖွေပေးမှုနှင့် ကုသမှုများ၊ ဆေးဝါးနှင့်ဓါတ်ခွဲ/ဓါတ်မှန်ပစ္စည်းများ သိုလှောင်မှုအခြေအနေ များနှင့် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သော MMA နှင့် PSI ဆေးခန်းများတွင် တီဘီရောဂါကုသမှု လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပဲခူးမြို့နယ် ကျောက်တန်းကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တီဘီလူနာများအားတွေ့ဆုံ၍ တီဘီရောဂါကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ညနေ (၄:၃၀) တွင် ကျောက်တန်းကျေးလက်ကျန်းမာရေးဌာနမှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

More Tags