ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဝမြို့နယ်ကျေးလက်ကျန်းမာရေးဌာနများသို့ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ် ၊ နိုဝင်ဘာ (၂၈) ရက်

     ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာအေးအေးငြိမ်းသည် ကဝမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချစ်နှင့်အတူ (၂၈-၁၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် အုန်းနှဲကျေးလက်ကျန်းမာရေးဌာန ၊ ဖလေးကျေးလက်ကျန်းမာရေးဌာနခွဲအပိုင်၊ ပေါက်ကွဲရွာသစ် စာသင်ကျောင်းတွင်ဖွင့်လှစ်သည့် ကာကွယ်ဆေးထိုးစုရပ်၊ နိဗ္ဗာန်ကျေးလက်ကျန်းမာရေးဌာန၊ ခမဲပြင်ကျေးလက်ကျန်းမာရေးဌာနခွဲအပိုင်၊ အောင်ဇေယျကွက်သစ်ဓမ္မာရုံရှိ ကာကွယ်ဆေးထိုးစုရပ်နှင့် သက္ကလတိုက်နယ်ကျန်းမာရေးဌာနအပိုင်၊ ဈေးကြီးရပ်ကွက်သာသနာ့ရောင်ခြည်ဓမ္မာရုံဆေးထိုးစုရပ်များသို့ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းဆေးထိုးစုရပ်များအား ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ ကွင်းဆင်းကြီးကြပ်အဖွဲ့များသည် ကာကွယ်ဆေးထိုးစုရပ်များတွင် စာရင်းသွင်းသည့်နေရာ၊ လတ်တလောကာကွယ်ဆေး ထိုးသင့်/မထိုးသင့် စစ်ဆေးသည့်နေရာ၊ ကာကွယ်ဆေးထိုးနှံနေမှု၊ ဆေးထိုးပြီးနောက်စာရင်းမှတ်သည့်နေရာများ နှင့် ခေတ္တစောင့်ဆိုင်းသည့်နေရာများသို့ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကိုအကြံဉာဏ်ပေးခဲ့ပါသည်။ အဆိုပါစုရပ်များတွင် ကလေးမိခင်များကိုကာကွယ်ဆေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။  နေ့လည်ပိုင်းတွင် ကဝမြို့နယ်မှ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။

 

More Tags