ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် တီဘီလူနာကွင်းဆင်းရှာဖွေခြင်း အစီအစဉ် ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်း၊ ဧပြီလ (၂၂) ရက်

     ၂၂-၄-၂၀၁၉ တနင်္လာနေ့တွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်း နှင့် ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနတို့ ပူးပေါင်း၍ တီဘီလူနာကွင်းဆင်းရှာဖွေခြင်းအစီအစဉ်ကို ပထမနေ့အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အတွင်းရှိ မှော်ဇာ RHC ၊ ရွှေတံခါး Sub Center အတွင်းရှိ ရွှေတံခါး အပိုင်း(၄) တွင် ဆောင်ရွက်ခဲ့ရာ လာရောက်ပြသသူ (၇၁) ယောက်၊ ရင်ဘတ် ဓါတ်မှန်ရိုက်၍ စစ်ဆေးသူ (၅၂) ယောက် သလိပ် စစ်ဆေးသူ (၁၂) ယောက် ရှိပြီး တီဘီလူနာ (၇)ယောက် အားဆေးကုသမှု ပေးနိုင်ခဲ့ ပါသည်။

 

     အဆိုပါအစီအစဉ်ကို (၂၃-၄-၂၀၁၉) အင်္ဂါနေ့တွင် ရဘဲရပ်ကွက် သာသနာ့ဒီပါရုံ ဘုန်းကြီးကျောင်း နှင့် (၂၄-၄-၂၀၁၉) ဗုဒ္ဓဟူးနေ့တွင် နဝဒေးရပ်ကွက် ခန်းရတနာ ဘုန်းကြီးကျောင်းတို့ တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 
 

More Tags