ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် Consultation Meeting on Development of National Rural Sanitation and Hygiene Policy and Costed Implementation Plan အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး၊ ၂၀၁၉  ခုနှစ် ဩဂုတ်လ (၁၃) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ Consultation Meeting on Development of National Rural Sanitation and Hygiene Policy and Costed Implementation Plan အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ UNICEF မှ National Consultant ဒေါက်တာ မင်းသန်းညွန့်၊ WASH Officer ဒေါက်တာ မြသန်းထွန်းနှင့် တိုင်းဒေသကြီးအဆင့် နှီးနွယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် UNICEF မှ National Consultant ဒေါက်တာမင်းသန့်ညွန့်က National Rural Sanitation and Hygiene Policy and Costed Implementation Plan အတွက် Process of Data Collection အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော  နှီးနွယ်ဌာနများမှလည်း ဆွေးနွေးခဲ့ကြပါသည်။

More Tags