ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် တောင်သာကျေးရွာသို့ H1N1ကျန်းမာရေးပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦးမြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၈)ရက်

     ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းအောင် ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်းထမ်းများသည် H1N1 Positive ဖြင့်ဖြစ်ပွားသေဆုံးခဲ့သည့် လူနာနေထိုင်ရာ အင်းသဇင် ကျေးလက်ကျန်းမာရေးဌာန၊ ကျောက်တလုံးကျေးလက်ကျန်းမာရေးဌာနခွဲအပိုင်၊ တောင်သာကျေးရွာသို့ (၈-၈-၂၀၁၉) ရက်နေ့ နံနက်တွင် ကွင်းဆင်းခဲ့ပါသည်။


 

     ထို့နောက် H1N1 ကာကွယ်တားဆီးရေး ပညာပေးဟောပြောပွဲကို ကျေးရွာလူထု (၁၀၀)ခန့်အား ဟောပြောပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါသည်။ အဆိုပါကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၅)နှစ်အောက် ကလေးများ နှင့် အတူနေမိသားစုဝင် စုစုပေါင်း(၁၃၁)ဦးကို H1N1 ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါသည်။ ရောဂါထပ်မံဖြစ်ပွားမှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

More Tags