ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း သင်တန်းပြုလုပ်ကျင်းပ

ပဲခူးမြို့၊ ၂၀၂၀ပြည့်နှစ်၊ဇန်နဝါရီလ(၁၀)ရက်

     တိုင်းဒေသကြီးအဆင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် စတင် ထည့်သွင်းခြင်း သင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်၊ နံနက် (၉:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း ကအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းဆရာများအဖြစ် ဒေါက်တာအေးအေးငြိမ်း (ဒုတိယတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၊ ဒေါက်တာသင်းသင်းလှိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်)၊ ဒေါက်တာ ဝင်းသူရမြင့် (အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်) တို့မှ သင်ကြားပို့ချခဲ့ပါသည်။


     သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး (၂၈)မြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် EPI Focal Person များစုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြပါသည်။ မြို့နယ်အဆင့် သင်တန်းများကို လည်း ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (တတိယ)အပတ်အတွင်း ဆင့်ပွားပို့ချပေးမည်ဖြစ်ပြီး၊ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ပုံမှန်ကာကွယ် ဆေးထိုး/ တိုက်အစီအစဉ်တွင် သတ်မှတ်ထားသောကလေးများကို ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို စတင်ထည့်သွင်း တိုက်ကျွေးသွားမည်ဖြစ်ပါသည်။

More Tags