ပဲခူးတိုင်းဒေသကြီး တောင်ငူအကျဉ်းထောင်ရှိ အကျဉ်းသားများတွင် တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်

တောင်ငူ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၇) ရက်

     ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ငူအကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ (၇.၉.၂၀၁၉) ရက်နေ့မှ (၉.၉.၂၀၁၉) ရက်နေ့အထိ တောင်ငူအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများတွင် တီဘီရောဂါရှာဖွေကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အကျဉ်းသားများကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်း၊ ဆီးချိုစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးသူ (၅၂၁) ဦးကို ရင်ခေါင်းဓါတ်မှန်ရိုက် စစ်ဆေးပေးခဲ့ပါသည်။ ဓါတ်မှန်ရိုက်စစ်ဆေးပေးသူ များထဲမှ တီဘီရောဂါ တွေ့ရှိသူ ( ၁၄ ) ဦးကို ရှာဖွေကုသမှုပေးနိုင်ခဲ့ပါသည်။

More Tags