ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့နယ် ၊ဆူးတပ်ကျေးလက်ကျန်းမာရေးဌာနဆူးတပ်ရွာတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကျင်းပပြုလုပ်

တောင်ငူမြို့၊ (၂၀၁၉) ခုနှစ်၊  သြဂုတ်လ(၉)ရက်

      ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအိအိမင်းနောင် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် တောင်ငူမြို့နယ် ဆူးတပ်ကျေးလက်ကျန်းမာရေးဌာန ဆူးတပ်ရွာတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုနှင့်ပတ်သက်၍ ကလေးမိခင်များ ကိုယ်ဝန်ဆောင်များနှင့် ကျေးရွာလူထုကို မိခင်နို့တိုက်ကျွေးခြင်းနှင့် ၅နှစ်အောက်ကလေးငယ်များအတွက် အာဟာရဆိုင်ရာများအကြောင်းကို ဟောပြောခဲ့ပါသည်။


 

     ထိုနောက်မိခင်နို့တိုက်ကျွေးခြင်းအားလက်တွေ့သင်ကြားပေးခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအား သံချဆေးဝေခြင်း၊ ၆လမှ၅နှစ်အရွယ်ကလေးများကို ဗီတာမင်အေတိုက်ကျွေးခြင်း တို့ကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။

More Tags