ပဲခူးတိုင်းဒေသကြီးတွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မတ်လ (၂၄) ရက်

     ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပဲခူးမြို့ ၊ လိပ်ပြာကန်ရပ်ကွက် ၊ ဇမ္ဗူတလူ ဓမ္မာရုံ တွင် ယနေ့ နံနက် (၉) နာရီ က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမူရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဆွေဆွေသန်း နှင့် ကျန်းမာရေးဝန်ထမ်းများမှ တီဘီရောဂါ အကြောင်း အသိပညာပေး ဟောပြောခြင်း၊ တီဘီရောဂါကုသမှု အောင်မြင်ပြီးသော လူနာမှ ရောဂါကုသမှုခံယူခြင်း နှင့် ရောဂါပျောက်ကင်းသွားသဖြင့် ဝမ်းသာပီတိ ဖြစ်ရပုံကို ပြောကြား ဆွေနွေးခြင်း၊တီဘီရောဂါပညာပေးပြခန်းငယ် ပြုလုပ်ပြသခြင်း ၊ တီဘီလူနာများ၏ ဓါတ်မှန်များ ကို ကြည့်ရူပေးခြင်းနှင့် လူနာသစ်များအား ဓါတ်မှန်ရိုက်ပေးခြင်း၊ တက်ရောက် လာသော ပြည်သူလူထုအား တီဘီရောဂါစစ်ဆေးပေးခြင်း၊ သိလိုသည့်မေးမြန်းချက် များအားဖြေကြားပေးခြင်း၊ တီဘီရောဂါဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းနှင့် အဖြေမှန်သူများအား ဆုများချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။   

 

      အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေ သကြီးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့မှတာဝန်ရှိသူများ၊ တီဘီရောဂါပျောက်ကင်းပြီးသူ ပြည်သူများနှင့် ရောဂါကုသဆဲ ပြည်သူ လူထုများ ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags