ပဲခူးတိုင်းဒေသကြီးတွင်Training on Management of MDRTB for BHS သင်တန်း ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၃၀)ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှကျင်းပ ပြုလုပ်သော Training on Management of MDRTB for BHS သင်တန်းကို (၂၉.၁၀.၂၀၁၉)ရက်နေ့ နံနက်က ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။သင်တန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၈) မြို့နယ်မှ ကျန်းမာရေးမှူးများ၊ တီဘီCoordinator များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၅၁) ဦး  တက်ရောက်ခဲ့ပါသည်။


     အဆိုပါ သင်တန်းတွင် ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဆွေသန်း၊ WHO TB Unit မှ National Technical Officer ဒေါက်တာဝင်းကိုကိုသူနှင့် ပဲခူးတိုင်း တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ အထက်တန်းသူနာပြု ဦးဝင်းကျော်ဦး တို့မှ  Training on Management of MDRTB for BHS ပြုလုပ်ရခြင်းအကြောင်း၊ ဆေးယဉ်ပါး တီဘီရောဂါအကြောင်းနှင့် ရောဂါရှာဖွေကုသမှု အကြောင်းတို့ကို  သင်တန်းပို့ချခဲ့ကြပါသည်။ သင်တန်းကို ၂၉-၁၀-၂၀၁၉ ရက်နေ့မှ ၃၀-၁၀-၂၀၁၉ အထိ (၂)ရက် ကျင်းပသွားမည်ဖြစ်သည်။

More Tags