ပဲခူးတိုင်းဒေသကြီးတွင် Training of Trainer on aDSM (active anti-TB Drug safety monitoring and management) and Shorter MDR TB Treatment အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန မှကျင်းပပြုလုပ်သော Training of Trainer on aDSM (Active anti-TB Drug Safety Monitoring and Management) and Shorter MDR TB Treatment Regimen အခမ်းအနားကို (၁၇-၉-၂၀၁၉) ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ-တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်း က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ် (၂၈) မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ TB coordinator များ၊ ခရိုင်တီဘီအဖွဲ့ခေါင်းဆောင် ဆရာဝန်များ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးမှ Consultant Physician ဒေါက်တာသင်းသင်းခိုင်၊ WHO TB Unit မှ TB Officer ဒေါက်တာအေးသီတာ နှင့် တိုင်းတီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဆွေသန်းတို့မှ ပထမနေ့အဖြစ် ပို့ချခဲ့ပြီး သင်တန်းကို (၁၈.၉.၁၉) နှင့် (၁၉-၉-၂၀၁၉) ရက်များတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။

More Tags