ပဲခူးတိုင်းဒေသကြီးတွင် Regional Level Advocacy meeting and Training for Mandatory TB case Notification အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန မှကျင်းပပြုလုပ်သော Regional Level Advocacy meeting and Training for Mandatory TB case Notification အခမ်းအနားကို (၁၆-၉-၂၀၁၉) ရက်နေ့ နံနက်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ- တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်း က အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ် (၂၈) မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်တီဘီအဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ TB Coordinator များ၊ ပဲခူးတိုင်းဒေသကြီးရှိ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ ဖိတ်ကြားထားသူများ စုစုပေါင်း (၈၄) ဦး တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါသင်တန်းတွင် WHO TB Unit မှ Seinor National Technical Officer ဒေါက်တာတင်မိမိခိုင်နှင့် တိုင်းဒေသကြီးတီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆွေဆွေသန်းတို့မှ Mandatory TB Notification Advocacy ပြုလုပ်ရခြင်းအကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များ SOP on Mandatory TB Notification တို့ကို သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသော သင်တန်းသားများမှ ပြန်လည်မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

More Tags