ပဲခူးတိုင်းဒေသကြီး ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း (တိုင်းအဆင့်) အသိပေးဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

ပဲခူးမြို့၊ ဇန်နဝါရီလ(၁၈)ရက်

     ပဲခူးတိုင်းဒေသကြီး ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း (ဆဌမနှစ်) အသိပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၈:၃၀)နာရီအချိန် သီရိဟံသာခန်းမ၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

 
 

     အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးမှ အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ရ.ပ.က.န) ဒေါက်တာဝင့်ဖြိုးသန်းမှ ဆင်ခြေထောက်ရောဂါအကြောင်းနှင့် ရောဂါကင်းဝေးရေး ဆောင်ရွက်နေသည်များ၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် လူအားလုံး ဆေးကျွေးရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားပါသည်။ လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးအတွင်းမြို့နယ်အားလုံးတွင် ၂၀၁၉−ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့မှ (၃၁) ရက်နေ့ အတွင်း တိုက်ကျွေး သွားမည်ဖြစ်ပါသည်။

 

More Tags