ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့၏ ၂၀၁၉-၂၀၂၀ ခုနှစ် ဆောက်လုပ်ရေး တင်ဒါစိစစ်ရေး ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်

     ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၂၀၁၉-၂၀၂၀) ခုနှစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၁၃) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် ပဲခူးတိုင်း‌ဒေသကြီး ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဒေါ်ညွှန့်ညွှန့်ဌေးမှ တက်ရောက်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် တည်ဆောက်‌ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ယခင်အတွေ့အကြုံများနှင့်ယှဉ်ကာ ယခုဆက်လက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။


     အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဒုတိုင်းဦးစီးမှူးများ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးမြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးကုသရေးဦးစီးဌာနတို့မှ အင်ဂျင်နီယာများနှင့် တင်ဒါကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ (၂၀၁၉-၂၀၂၀) ခုနှစ် ဆောက်လုပ်ရေးလုပ်ငန်းများ၏ တင်ဒါဖွင့်ဖောက်စစ်ဆေးရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊ လျှောက်ထားသည့် ကုမ္ပဏီများ၏ တည်ဆောက်ရေးလုပ်ငန်းများ၏ နည်းပညာပိုင်း ဆိုင်ရာများကို ရှေးဦးစွာဖွင့်ဖောက်စစ်ဆေးပြီး တင်ဒါစိစစ်ရွေးချယ်ရန်ကိစ္စများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

More Tags