ပဲခူးတိုင်းဒေသကြီးတွင် ကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (၈/၂၀၁၉) ကျင်းပပြုလုပ်

ပဲခူးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၇ ) ရက်

     ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီအစည်းအဝေး (၈/၂၀၁၉) ကို (၂၇-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်၌ တိုင်းရင်းဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တင်ပြရန်ရှိသောကိစ္စရပ် (၃) ခု၊ ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံကြီးမှ ကိစ္စရပ်(၉)ခု၊ တိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကိစ္စရပ်(၃)ခု၊ ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးဦးစီးဌာနမှ ကိစ္စရပ်(၁)ခုနှင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိစ္စရပ် (၂) ခု၊ ပဲခူးမြို့သားဖွားသင်တန်းကျောင်းမှ ကိစ္စရပ် (၁)ခု စသည်တို့ကို တင်ပြဆွေးနွေးကြပါသည်။

 

     ထို့နောက် အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၉) မှ ဆောင်ရွက်ရန်အချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာဌာနအသီးသီးမှ တင်ပြဆွေးနွေးကြရာ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြပါသည်။ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဌ ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအေးငြိမ်းနှင့် တိုင်းဒေသကြီးတိုင်းရင်းဆေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးများ၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ဒုတိယဆေးရုံအုပ်ကြီး တိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးနှင့် ပဲခူးမြို့သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags