ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (၃/၂၀၂၀) ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်

     ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (၃/၂၀၂၀) ကို (၂၉-၄-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီ၌ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

    ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ထောက်ဆရာဝန်များခေါ်ယူခြင်း ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာရှိ ပဲခူးတိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးရုံးနှင့် ဆေးရုံသစ်ကြီး အဝင်လမ်း ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအား တင်ပြခြင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မပြီးပြတ်သေးသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မိုးညိုမြို့နယ် ဆင်မနိုင်ကျေးလက်ကျန်းမာရေးဌာန မြေနေရာ ရွေးချယ်ခြင်းကိစ္စနှင့်ပတ်သက်၍လည်းကောင်း တင်ပြခြင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပေါက်ခေါင်းမြို့နယ်တိုင်းရင်းဆေးကုဌာန ပြင်ဆင်မှုကိစ္စနှင့် ပတ်သက်၍ လည်းကောင်း၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ကိစ္စရပ်(၈)ခုကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် ကျန်းမာရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေး၍ ဆုံးဖြတ်ချက်များချမှတ်ကာ အစည်းအဝေးကို ညနေ (၃း၁၅) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags