ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှု ကော်မတီအစည်းအဝေး (၁/၂၀၂၀) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၃) ရက်

     ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို (၂၃-၁-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဒေါ်ညွန့်ညွန့်ဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တင်ပြရန်ရှိသော ကိစ္စရပ် (၃)ခု၊ ပဲခူးမြို အထွေထွေရောဂါကု ဆေးရုံကြီးမှ ကိစ္စရပ် (၃)ခု၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကိစ္စရပ် (၁)ခု၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကိစ္စရပ် (၁) ခုနှင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိစ္စရပ် (၄) ခုစသည်တို့နှင့် ပဲခူးတိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ တိုင်းဒေသကြီးအဆင့် ရိုတာဗိုင်းရပ်(စ်)ကို ပုံမှန် ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။


     ထို့နောက် အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) မှ ဆောင်ရွက်ရန်အချက်များအား ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို သက်ဆိုင်ရာဌာနအသီးသီးမှ တင်ပြဆွေးနွေးကြရာ တက်ရောက်လာသော ကော်မတီ အဖွဲ့ဝင်များမှ ဝိုင်းဝန်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) မှ တင်ပြချက်များကိုလည်း တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။


     အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအေးငြိမ်းနှင့် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှူး၊ ပဲခူးမြို့သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ပဲခူးတိုင်းဒေသကြီး တိုးချဲ့ ကာကွယ်ဆေး/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags