ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (ဒုတိယအကြိမ်) အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ပဲခူးမြို့၊ ဇန်နဝါရီလ(၈)ရက်

     ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး (ဒုတိယအကြိမ်)ကို (၈.၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ ဒေါ်ညွန့်ညွန့်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဌ၊ ဒေါ်နော်ပွယ်ဆေးမှ အမှာစကားပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တင်ပြရန်ရှိသော ကိစ္စရပ်(၁၂)ခု၊ ပဲခူးမြို့အထွေထွေ ရောဂါကုဆေးရုံကြီးမှ ကိစ္စရပ်(၇)ခု၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးတွင် ထုတ်လုပ်လျှက်ရှိသော ပဲပြားနှင့် ပဲသွေးတို့တွင် ဖော်မလင်ပါဝင်နေမှု ကိစ္စအား တင်ပြဆွေးနွေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးဌာန(၁)ခုနှင့် တိုက်နယ်ကျန်းမာရေးဌာန(၁)ခုတို့မှ ကိစ္စများနှင့် ပဲခူးမြို့နယ်တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများကို တင်ပြဆွေးနွေးကြပါသည်။

 

     ထို့နောက်ပထမအကြိမ်အစည်းအဝေးမှ ဆောင်ရွက်ရန်အချက်များအား ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သက်ဆိုင်ရာဌာနအသီးသီးမှ တင်ပြဆွေးနွေးကြရာ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြပါသည်။

 

     အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒေါ်နော်ပွယ်ဆေး၊ ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအေးငြိမ်းနှင့် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ဒုတိယတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးများ၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ကျန်းမာရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 

More Tags