နှလုံးနှင့် နှလုံးသွေးကြောရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှုလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း မုံရွာမြို့တွင် ကျင်းပဆောင်ရွက်

မုံရွာမြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်
     ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် နှလုံးနှင့် နှလုံးသွေးကြောရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှု့လုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းကို (၂.၁၂.၂၀၁၉) မှ (၄.၁၂.၂၀၁၉) ထိ မုံရွာမြို့၊ Glorious Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး၊ ဒေါက်တာဝင်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြား‌ရေးမှူး၊ ဒေါက်တာ‌ကျော်ကံ‌ကောင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ သင်တန်းကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ သင်တန်းအား ပဏာမကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိသည့် မြို့နယ်ဆရာဝန်များ၊ အ‌ခြေခံကျန်းမာ‌ရေးဝန်ထမ်းများမှ ပြည်သူလူထုအတွင်း ဆီးချို၊သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါများအစရှိတဲ့ အဓိကမကူးစက်နိုင်သော ရောဂါများအား စနစ်တကျရှာဖွေ စစ်ဆေးကုသ၊ ညွှန်းပို့မှု့များ လုပ်ဆောင်နိုင်စေရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မြို့နယ်ဆရာဝန်များ၊ အ‌ခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်းသင်တန်းသား (၁၁၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags