နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၃)ရက်

     နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇူလိုင်လ(၃)ရက် နေ့လည် (၁:၀၀)နာရီတွင် ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်၊ နေပြည်တော် ကုသရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး၊ နေပြည်တော် ခုတင် (၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ အထူးကုဆရာဝန်ကြီးနှင့်  ပြည်ထောင်စုနယ်မြေ နေပြည်တော် RSO တို့မှ နေပြည်တော်ရှိ H1N1 လက်ရှိ အခြေအနေများနှင့် ကာကွယ်ရေး လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပါသည်။

 
 

     ထို့နောက် ရာသီတုပ်ကွေးနှင့်ပတ်သက်၍ လူနာများလွှဲပြောင်းကုသမှုအတွက် ဆွေးနွေးခြင်း၊ ပြင်ပပုဂ္ဂလိက ဆေးရုံများတွင် တုပ်ကွေးရောဂါကုသပေးမှုနှင့် လွှဲပြောင်းမှုတို့အတွက် ဆွေးနွေးခြင်း၊ ဆေးရုံများတွင်  Fever corner ဖွင့်လှစ်၍ ဆောင်ရွက်ရန်၊ Hospital Infection Control အတွက် ဆေးရုံများတွင် CMEများ ပြုလုပ်ရန်ဆွေးနွေးခြင်း၊  ပြည်သူလူထုမှ ရာသီတုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဌာနဆိုင်ရာရုံးများ/ ကျောင်းများ/ စျေးများ/ လူစည်ကားရာကားဂိတ်များနှင့် Public ဧရိယာများတွင် ရာသီတုပ်ကွေးနှင့်သက်ဆိုင်သည့် Stacker များ၊ Pamphlet များ၊ Hand gel များဝေငှ၍ အသိပညာပေးရန်၊ ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်တို့တွင် RRT Team များ ဖွဲ့စည်းခြင်း ဆောင်ရွက်ရန်၊ ILI ဖြစ်ပွားမှုများအား Mapping ဆွဲ၍ ဆောင်ရွက်ရန်၊ နေပြည်တော်အတွင်းရှိ LED ဆိုင်းဘုတ်များတွင်  ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးကြေငြာများ ထည့်သွင်းနိုင်ရန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။


 

     ဆွေးနွေးပွဲသို့ နေပြည်တော်ခုတင်(၅၀၀)ဆံဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်(၈)မြို့နယ် ဆေးရုံများမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များ နှင့် နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ညနေ(၃:၃၀)နာရီတွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

More Tags