နေပြည်တော်တွင် မြန်မာနိုင်ငံအဓိက ဆေးဝါးစီမံချက်မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မတ် (၁၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိက ဆေးဝါးစီမံချက်မှ Central Evaluation Workshop on Essential Medicines Activities Implementing at Township Level အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ကုသရေး ဦးစီးဌာနမှူးများဖြင့် (၁၄-၃-၂၀၁၉) မှ (၁၅-၃-၂၀၁၉) ရက်နေ့အထိ (၂) ရက်တာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၀၀) အချိန်တွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 

     အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာဒေါ်သီတာလှက အဖွင့်အမှာစကားပြောကြားရာ၌ ဤအလုပ်ရုံဆွေးနွေးပွဲသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးရာ မြို့နယ်/ကျေးရွာများမှာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံ အဓိကဆေးဝါးစီမံချက်ဆိုင်ရာ လုပ်ငန်းများကို ပြန်လည်ဆန်းစစ်ခြင်းဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ရှိသော၊ အာနိသင်ပြည့်၀သော၊ အစွမ်းထက်သော ဆေးဝါးများကို ကြောင်းကျိုး ညီညွတ်စွာ သုံးစွဲတတ်စေရန်နှင့် ဆေးဝါးများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ စီမံခန့်ခွဲတတ်စေရန် လိုအပ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ကုသရေး ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဓိကဆေးဝါးဆိုင်ရာ လုပ်ငန်းများ၊ ကြုံတွေ့ရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြစေရန်နှင့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များကိုအခြေခံ၍ မိမိတာဝန်ကျရာနေရာမှာ Rational Prescribing and Rational use of Medicines လုပ်ငန်းများ Supply Chain Management လုပ်ငန်းများကို ပိုမိုပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် ရလဒ်ကောင်းများ ရရှိဖို့ အားလုံးဝိုင်း၀န်းဆွေးနွေးကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags