နေပြည်တော်တွင် ထိုင်းနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်ကုအဖွဲ့နှင့် ပူးပေါင်း၍ Endoscopic Surgery ခွဲစိတ်နည်းများကို ပူးပေါင်း ဆောင်ရွက်

နေပြည်တော်၊ မေလ (၁၄) ရက်

     International Collabration Laproscopic Endoscopic Surgery for ASEAN People Project Between Rajavathi Hospital, Thailand and 1000 Beded Hospital , Nay Pyi Taw, Myanmar အစီအစဉ်အရ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအထူးကုဆေးရုံကြီးတွင် ထိုင်းနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်ကုအဖွဲ့နှင့် ပူးပေါင်း၍ Endoscopic Surgery ခွဲစိတ်နည်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

 

     ၁၄.၅.၂၀၁၉ ရက်နေ့တွင် ခွဲစိတ်မည့်လူနာများအား ကြည့်ရှုခြင်း၊ စက်ပစ္စည်းကိရိယာများအားကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁၅.၅.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် Retrouricular Approach Thyriod Surgery Lecture အား Dr.Thanusak Srijai က ပို့ချခဲ့ပါသည်။

 

     ၁၅.၅.၂၀၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီး၌ Bilat: Nasal Polops လူနာ (၂)ဦးအား Endoscopic Surgery နည်းဖြင့် ခွဲစိတ်ခဲ့ပါသည်။ ၁၆.၅.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် Chronic Rhinosinusitis e both Nasal Polops crvities လူနာ(၁)ဦးအား Dr Kittichai Mongkolkoil နှင့် Dr Thanusak Srijai တို့က ခွဲစိတ်ခဲ့ပါသည်။

 

     ခွဲစိတ်မှု Procedure များကို နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှမေ့ဆေး အထူးကုဆရာ၀န်များ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုများ၊ ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးတို့မှ Phd ကျောင်းသားများ ပူးပေါင်းပါ၀င်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ယခုအခါထိုလူနာ (၃) ဦးမှာ ရောဂါများသက်သာသွားပြီး ဆေးရုံမှဆင်းသွားပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ထိုင်းမြန်မာချစ်ကြည်ရေးနှင့် အသိပညာများ ဖလှယ်ရေးအတွက် အကျိုးကျေးဇူးများသည့် အစီအစဉ် တစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

More Tags