နေပြည်တော်တွင် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း (၈/၂၀၁၉) ဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇွန်လ (၁၀) ရက်

     ကုသရေးဦးစီးဌာနလက်အောက်ရှိ ဗဟိုအဆင့်၊ အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်အဆင့်ဆေးရုံများ၌ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်နေသော လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးတို့အား တစ်ဦးချင်းလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ လုပ်ငန်းချင်းနှီးနွယ် ဆက်စပ်နေသောဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မှု ပိုမိုတိုးတက်လာစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကုသရေးဦးစီးဌာနသည် Unicef(Myanmar) အဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၆-၂၀၁၉) ရက်နေ့မှစတင်၍ (၁၄-၆-၂၀၁၉) ရက်နေ့အထိ Capacity Building Training for medical social workers (8/2019) (၅) ရက်သင်တန်းကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါသည်။

 

     ဒေါက်တာကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ)၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အဖွင့်အမှာစကားပြောကြား၍ (၁၀-၆-၂၀၁၉) ရက်နေ့တွင် သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆေးရုံ အုပ်များ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ Unicef (Myanmar) မှတာဝန်ရှိသူများနှင့် ဆေးလူမှုဆက်ဆံရေးဝန်ထမ်း သင်တန်းသား/သူများအပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက် ခဲ့ကြပါသည်။

 

      သင်တန်းတွင် ဆေးလူမှုဆက်ဆံရေးဝန်ထမ်း သင်တန်းသား/သူ (၃၇) ဦး တို့တက်ရောက်လျက်ရှိပြီး ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Unicef (Myanmar) တို့မှသင်တန်းဆရာများသည် လူမှုရေးဝန်ထမ်းများ သိသင့်သည့်ပညာရပ်များ၊ ခံယူရမည့်စိတ်ထားများ (Social Work Ethics and Guiding Principles)၊ ဆေးဘက်ဆိုင်ရာ လူမှုရေးပြဿနာများကိုဖြေရှင်းရာတွင် စနစ်တကျဆောင်ရွက်တတ်စေရန် ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ Skills in Case Management System, CP System in Myanmar, Intake and Consent Forms ၊ Mental Case Assessment၊ GBV Guidelines၊ Teach Back Method၊ Medical Social Workers in Hospital Setting၊ GBV နှင့် ပတ်သက်၍ OSCC Center တွင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဆေးလူမှုလချုပ်အစီရင်ခံစာများနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ချက်များ စသည့်ဘာသာရပ်များအား စာတွေ့/ လက်တွေ့/Power Point Presentations, Group Works များဖြင့် သင်ကြားပို့ချပေးလျက်ရှိပါသည်။

More Tags