နေပြည်တော်တွင် ဆေးဘက်ကျွမ်းကျင် (၂) (ဓါတ်မှန်) မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန်လ (၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲမှ ကြီးမှူး၍ ဆေးဘက်ကျွမ်းကျင် (၂) (ဓါတ်မှန်) မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၅-၆-၂၀၁၉)၊ နံနက် (၉) နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၃၀၀) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     သင်တန်းဖွင့်ပွဲအခန်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ)၊ ဒေါက်တာကျော်ဇေယျမှ အဖွင့်အမှာစကား ပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးဘက်ဆိုင်ရာ ဓါတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဌာနမှ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ အရည်အသွေးမြင့်တက်စေရန် မွမ်းမံသင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရည်အချင်းရှိသော ဆေးဘက်ကျွမ်းကျင်ပညာရှင်များ မွေးထုတ် နိုင်ရေးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးကြီးသော ဒေါက်တိုင်တစ်ခုအနေဖြင့် ပါဝင်လျက်ရှိကြောင်း၊ ဆေးဘက်ဆိုင်ရာ ဓါတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာရပ်အတွက် ဘွဲ့ကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်းများသာမက ပါရဂူဘွဲ့အတွက်လည်း နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းမှရရှိသော သင်ခန်းစာများကို မိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံများညှိနှိုင်းကွပ်ကဲရေးမှူး၊ ပြည်ထောင်စုနယ်မြေ၊ ဆေးတက္ကသိုလ် (၁)/ (၂) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဓါတ်မှန်)များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ပါမောက္ခ/ဌာနမှူး (ဓါတ်မှန်) နှင့် တွဲဘက်ပါမောက္ခ (ဓါတ်မှန်) များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ (ဓါတ်မှန်နှင့်ပုံရိပ်ဖော်) ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံများမှ သင်တန်းသား/သူ (ဆေးဘက်ကျွမ်းကျင် (၂) (ဓါတ်မှန်)) တို့ တက်ရောက်ခဲ့ကြပါသည်။ ဆေးဘက်ကျွမ်းကျင် (၂) (ဓါတ်မှန်) မွမ်းမံသင်တန်းကို (၅-၆-၂၀၁၉) မှ (၇-၆-၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၃၄) ဦးဖြင့် (၃) ရက်တာ ဆောင်ရွက်ပြုလုပ်မည် ဖြစ်ပါသည်။

More Tags