နေပြည်တော်တွင် Training on Highly Infectious Diseases Management and Simulation Exercise (GMS Health Security Project) ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ADB တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် GMS Health Security Project ၏ 2nd Year Annual Operation Plan အရ Training on Highly Infectious Diseases Management and Simulation Exercise ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ Horizon Lake View Hotel ၌ (၂၉-၈-၂၀၁၉) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ) ဒေါက်တာကျော်ဇေယျ၊ ကုသရေးဦးစီးဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အခြားတာဝန်ရှိသူများ၊ ဆွေးနွေးတင်ပြကြမည့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ စီမံကိန်းဝင်မြို့နယ် များရှိ ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ သူနာပြု ဆရာမကြီးများ၊ ADB မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်း ရေးရာ) ဒေါက်တာကျော်ဇေယျက အဖွင့်အမှာစကားပြောကြားရာတွင် -

- ကူးစက်မြန်သော ရောဂါများသည် လူနာမှတစ်ဆင့် ကျန်းမာရေး ဝန်ထမ်းများ၊ လူနာစောင့်များ ကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများမှ လူနာများ၊ လူနာစောင့်များကို လည်းကောင်း ကူးစက်စေကာ အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေ၊ မလိုလားအပ်သော ငွေကြေး ကုန်ကျမှုများနှင့် အခြားလူပေါင်းများစွာကို ကူးစက်ပျံ့နှံ့ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊

- ယနေ့ကာလတွင် ရာသီဥတုပြောင်းလဲခြင်း၊ လူမှုနေထိုင်မှုပုံစံများ ပြောင်းလဲခြင်း၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ပြောင်းလဲခြင်းတို့ကြောင့် ကမ္ဘာနှင့်အဝှမ်း၌ Emerging Disease and Re-emerging Diseases များ၏ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရ သကဲ့သို့ ကူးစက်မြန်ရောဂါများ ဖြစ်သည့် MERS CoV, Ebola, Influenza စသည့် ရောဂါများလည်း ဒေသအလိုက် ဖြစ်ပွားမှု များပြားလျက်ရှိပါကြောင်း၊

- ပြည်သူ့ဆေးရုံများတွင် Highly Infectious Diseases လူနာများကို Isolation Ward များတွင် ထားရှိကာ မှန်ကန်သော ကုသမှု ဆောင်ရွက်ပေးခြင်း၊ လူနာအား စနစ်တကျ ကိုင်တွယ်ပြီး နှာခေါင်း စည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ လိုအပ်သည့် Personal Protective Equipment များ ဝတ်ဆင်ခြင်း စသည့် စီမံခန့်ခွဲမှုများကို စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရေးကြီး ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိတို့အား မကူးစက်နိုင်အောင် ကြိုတင် ကာကွယ် လိုက်နာဆောင်ရွက်ရမည့် Safety Precautions များကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ မိမိတို့ ဌာနရှိ ဝန်ထမ်းများအား သင်ကြားပေးနိုင်ရန်နှင့် ပြည်သူ့ဆေးရုံများမှာ Infection Prevention and Control လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးပါကြောင်း၊

 

- ယခုသင်တန်းသည် Highly Infectious Diseases Management နှင့် ပတ်သက်၍ သင်ခန်းစာ များဖြင့် ဆွေးနွေးခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်သဖြင့် သင်တန်းမှ ရရှိသော ပို့ချဆွေးနွေးချက်များ၊ နည်းလမ်းများ၊ အတွေ့အကြုံများကို မိမိတို့ သက်ဆိုင်ရာဆေးရုံ များတွင် ပြန်လည်သင်ကြားဆောင်ရွက်ပေးရန်၊ ကူးစက်ရောဂါများ ဖြစ်ပွားလာပါက စနစ်တကျ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆေးရုံများအလိုက် ပြင်ဆင်ဆောင်ရွက် ထားကြရန်၊ မိမိတာဝန်ကျရာ ဆေးရုံများရှိ ဝန်ထမ်းများ Infection Prevention and Control ဆိုင်ရာ ဗဟုသုတနှင့် အမူအကျင့်များ တိုးတက်လာကာ Quality of Health Care တိုးတက်လာ စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

- အဆိုပါသင်တန်းကို (၂၉-၈-၂၀၁၉)ရက်နေ့မှ (၃၀-၈-၂၀၁၉)ရက်နေ့အထိ နေပြည်တော်၊ Horizon Lake View Hotel တွင် ပြည်သူ့ဆေးရုံများ၌ ကူးစက်မြန်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းသို့ GMS Health Security Project စီမံကိန်းဝင်မြို့နယ်များရှိ ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုဆရာမကြီးများ တက်ရောက်ကြပါသည်။

 

     အဆိုပါသင်တန်းတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က H1N1 Infection နှင့် ပတ်သက်၍လည်းကောင်း၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ(ဆေးပညာ) ပါမောက္ခဒေါက်တာတင့်တင့်ကြည်က Rabies Prophylaxis: Management of Rabies ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က Preparedness and Response to Emerging and Reemerging Diseases from public health perspectives ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင် က Specific Disease Management (Cholera and Infectious Diarrhoea) ခေါင်းစဉ် ဖြင့် လည်းကောင်း၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထက်မြက်ဝင်းမောင်က Specific Disease Management (MDR TB) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားခုခံကျကာလသားရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာပြည့်စုံက Post-exposure Prophylaxis ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်ကြီး(အရေးပေါ်ကုသမှုဆေးပညာ) ဒေါက်တာ သန်းလတ်အောင်က Identification of highly infectious patients at OPD and Emergency Management ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က Biosafety, Collection and Transport of Samples from Highly Infectious Disease Patient, PPE wearing ခေါင်းစဉ်များဖြင့် လည်းကောင်း၊ GMS Health Security Project မှ National IPC Specialist ဒေါက်တာစိုင်းကိုကိုဇော်က Risk communication ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာသက်မွန်သန်းက Outbreak Management in Healthcare Setting ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လက်ထောက်ဆရာဝန် (ကုသရေး) ဒေါက်တာအေးမြတ်မွန်က Infection Prevention and Control in Highly Infectious Disease Management ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည့်အပြင် Outbreak Management အတွက် Table Top Exercise ပြုလုပ်ခြင်း၊ Drill ပြုလုပ်ခြင်းတို့ လက်တွေ့ဆောင်ရွက်ကြမည်ဖြစ်ပြီး ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်က သင်တန်းဆန်းစစ်ခြင်းနှင့် နိဂုံးချုပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။

More Tags