နေပြည်တော်တွင် Orientation Workshop for WHO 2019 Global Survey on Infection Prevention and Control and Hand Hygiene အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန်လ (၆) ရက်

     ကုသရေးဦးစီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကူအညီဖြင့် Orientation Workshop for WHO 2019 Global Survey on Infection Prevention and Control and Hand Hygiene ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ WHO 2019 Global Survey on IPC and Hand Hygiene တွင်ပါဝင်ရန် ရွေးချယ်ထားသော ပြည်သူ့ဆေးရုံကြီး (၇) ရုံမှ ဆေးရုံအုပ်များ၊ IPC focal person အထူးကုဆရာဝန်/ဆရာဝန်နှင့် သူနာပြုဆရာမကြီးတစ်ဦးစီတို့ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် Hospital-Acquired Infection များဖြစ်ပွားမှုများကို သတိပြု၍ Infection Prevention and Control လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကုသရေးဦးစီးဌာန မှလည်း အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Infection Prevention and Control လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများအနေဖြင့် အခက်အခဲများကြားမှ ရရှိနိုင်သည့် အရင်းအမြစ်များဖြင့် အကောင်းဆုံးကြိုးစားနေကြသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခု Global Survey တွင် ပါဝင်မည့် ဆေးရုံများအနေဖြင့် Survey တွင် ဝင်ရောက်ဖြေဆိုပြီး ရရှိလာသည့် ရလဒ် အခြေအနေပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်မည့် Action Plan များကို ရေးဆွဲကာ Infection Prevention and Control လုပ်ငန်းများကို တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကုသရေးဦးစီးဌာနအနေဖြင့်လည်း လိုအပ်ချက်များကိုစိစစ်၍ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် Infection Prevention and Control လုပ်ငန်းများအတွက် သီးသန့်ရန်ပုံငွေ ခွဲဝေချထားပေးခဲ့ရာ အဆိုပါ ရန်ပုံငွေများကို အကျိုးရှိစွာ အသုံးပြုစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ဆေးရုံများ ရွေးချယ်မှုနှင့် Global Survey တွင် ဝင်ရောက်ပါဝင်ဖြေဆိုရန် ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ National Technical Officer ဒေါက်တာဇာဇာနိုင်က Objectives and Outline of WHO 2019 Global Survey on IPC and Hand Hygiene အကြောင်းကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်) ဒေါက်တာအိမွန်ဝင်းက WASH in Infection Prevention and Control ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်မွန်သန်းက Survey တွင်ပါဝင်သည့် Core Components of IPC Programme at Health Care Facility ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ အေးမြတ်မွန်က Survey တွင်ပါဝင်သည့် Hand Hygiene ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြဆွေးနွေးကြပြီး Survey တွင် ပါဝင်မည့်မေးခွန်းများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဝင်ရောက် ဖြေဆိုမည့်အစီအစဉ်ကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို WHO 2019 Global Survey on IPC and Hand Hygiene တွင် ပါဝင်မည့် ပြည်သူ့ဆေးရုံများအနေဖြင့် Survey ဖြေဆိုရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ Survey ၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိနိုင်ရန်နှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးကာ အဖြေထုတ်ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

     WHO 2019 Global Survey on IPC and Hand Hygiene ကို Infection Prevention and Control လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ မိမိတို့ ဆေးရုံများအလိုက် ဆန်းစစ်ကာ ရလဒ်များပေါ်မူတည်၍ မိမိတို့ဆေးရုံများအလိုက် လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ကမ္ဘာအဝှမ်းရှိ ဆေးရုံများ၏ လက်ရှိအခြေအနေ ဆန်းစစ်မှုများကိုခြုံငုံပြီး ဆက်လက်ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများကို သုံးသပ်ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်မြို့၊ အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေးမြို့၊ ခုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံကြီး-မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တို့မှ ဝင်ရောက်ဖြေဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

More Tags