နေပြည်တော်တွင် “Child Death Surveillance and Response(CDSR) Mid-Term Review Meeting (Jan-June 2019) ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်

     ဩဂုတ်လ (၂၆) ရက်နေ့ နံနက် ( ၉:၃၀ ) နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ “Child Death Surveillance and Response (CDSR) Mid-Term Review Meeting (Jan-June 2019)” အား ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြုလုပ်သည့် အစည်းအဝေးသည် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် Mid-term (၅) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၇ မှစတင်၍ ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်စဉ် ကလေးသေဆုံးမှု အရေအတွက် တက်လာခြင်းမရှိပါကြောင်း၊ သို့သော် ကလေးသေဆုံးမှု ကျဆင်းသွားခြင်းလည်း မရှိပါကြောင်း၊ ကလေးသေဆုံးမှု အရေအတွက် Static ဖြစ်နေသည့်အတွက် ကလေးသေဆုံးမှု လျှော့ချရန် Strategy ဆွဲရန် လိုအပ်ပါကြောင်း၊ ကလေးသေဆုံးမှု လျှော့ချရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ( 1 )Just in Time Treatment ( 2 ) Near Perfect Care (3) One stop service ဖြစ်ရန် လိုအပ်ပါကြောင်း၊ အသေများသော အကြောင်းအရာများကို Focus ထား၍ သေဆုံးမှု လျှော့ချနိုင်ရန် တက်ရောက်သူများမှ ဆွေးနွေးပေးရန် ပြောကြားပါသည်။

 

     ၎င်းနောက်တွင် ဒုတိယနေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အတွင်းရှိ မြို့နယ်များတွင် ပထမနှစ်ဝက်အတွင်း ကလေးသေဆုံးမှုနှင့် အဖြစ်အများဆုံးရောဂါများ အခြေအနေကို ဆွေးနွေးပါသည်။ ထို့နောက် အသေများသော အကြောင်းအရာများကို တက်ရောက်လာသူများမှ အသေးစိတ် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပါသည်။ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့ကြပါသည်။ မြို့နယ် (၈) မြို့နယ်မှ တာဝန်ရှိသူများက ကလေးသေဆုံးမှု စောင့်ကြည့် တုံ့ပြန်ဆောင်ရွက်ခြင်းအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။

 

     Child Death Surveillance and Response ( CDSR ) Mid-Term Review Meeting (Jan-June 2019 ) ကို သားဖွားမီးယပ်ဆေးရုံနှင့် ကလေးအထူးကုဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့်အထူးကုဆရာဝန်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၃၀၀) နှင့် မြို့နယ် (၈) မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ( ၄၁ ) ဦး တက်ရောက်ကြပြီး နေ့လည် (၃:၀၀) တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

More Tags