နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့် တိုင်းအဆင့် ကြီးကြပ်ရေးအဖွဲ့(၈)ဖွဲ့ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(၈)မြို့နယ်သို့ ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊  ဇူလိုင်လ (၃၁)ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုး ဦးဆောင်သည့် တိုင်းအဆင့်ကြီးကြပ်ရေးအဖွဲ့(၈)ဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်သို့ (၃၁-၇-၂၀၁၉)နေ့တွင် အခြေခံကျန်းမာရေးဝန်ထမ်းများ လပတ်အစည်းအဝေး ဆောင်ရွက်နေမှုများ အား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။


 

     ထို့နောက် ဝန်ထမ်းရေးရာကိစ္စရပ်များအား ဆွေးနွေးခြင်း၊ ၂၀၁၈/၂၀၁၉ ခုနှစ် ပြင်ထိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ထပ်မံဆောင်ရွက်လိုသည့်နေရာများနှင့် ငွေကြေးသုံးစွဲမှုများတွင် ဒေသ ပေါက်စျေးအတိုင်း မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် မိမိတို့ RHC, S/c များ၏ Infrastructure အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ရန်၄င်း၊ World Bank အသုံးစရိတ်များကို တည့်မတ်မှန်ကန်စွာ သုံးစွဲရန် စစ်ဆေးခြင်းအား၄င်း၊ ဆေးနှင့်ဆေးပစ္စည်းများ LMIS ဖြင့် ဆောင်ရွက်ထားရှိချက်များ၊ မြို့နယ်၊   RHC, S/c များ၏ အခက်အခဲများနှင့်လိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

More Tags